
မောက်မယ် သြဂုတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြို့အဝင်ဆိုင်းဘုတ်နှင့် WE LOVE MAWK MAI တွင် သန့်ရှင်းသာယာစိမ်းလန်းစိုပြေလှပစေရေး၊ မြို့နယ်အတွင်းရှိပြည်သူများ၏ လူနေမှုအဆင့်အတန်းများဖွံ့ဖြိုးတိုးတက်စေရေး၊မြို့ပြအင်္ဂါရပ်နှင့်အညီပြည့်စုံညီညွတ်မှုရှိစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သြဂုတ်လ(၇)ရက် နံနက်ပိုင်းက မြို့အဝင်သန့်ရှင်း သာယာလှပရေးလုပ်ငန်းများ ကိုယ်ထူကိုယ်ထဆောင်ရွက်ခဲ့ကြ သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များတို့က မြို့အဝင်အထွက်ရှိ မြို့ဆိုင်းဘုတ်နှင့် WE LOVE MAWK MAI နေရာတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ၊ အားကစားပစ္စည်းများထားရှိခြင်း၊ အရိပ်ရပင်နှင့်ပင်းအလှပင်များ စိုက်ပျိုးခြင်း လုပ်ငန်းများကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး