မောက်မယ် သြဂုတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြို့အဝင်ဆိုင်းဘုတ်နှင့် WE LOVE MAWK MAI တွင် သန့်ရှင်းသာယာစိမ်းလန်းစိုပြေလှပစေရေး ၊ မြို့နယ်အတွင်းရှိပြည်သူများ၏ လူနေမှုအဆင့်အတန်းများဖွံ့ဖြိုးတိုးတက်စေရေး စသည်ဖြင့်မြို့ပြအင်္ဂါရပ်နှင့်အညီ ပြည့်စုံညီညွတ်မှုရှိ စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် သြဂုတ်လ(၂)ရက် နံနက်၇နာရီက မြို့အဝင်သန့်ရှင်း သာယာလှပရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြ သည်။
ထိုသို့ ဆောင်ရွက်ရာတွင် နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်အတွင်းရှိဌာနဆိုင်ရာဝန်ထမ်း များနှင့် လူမှုရေးအသင်းအဖွဲ့များက မြို့အဝင်အထွက်ရှိ မြို့ဆိုင်းဘုတ်နှင့် WE LOVE MAWK MAI နေရာ တွင် သစ်ပင်ခြောက်/ သစ်ပင်အိုများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက် များဖယ်ရှားရှင်းလင်းခြင်း၊ မြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ အရိပ်ရပင်နှင့်ပင်းအလှပင်များစိုက်ပျိုးခြင်း လုပ်ငန်းများကို တက်ညီလက်ညီ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး