မောက်မယ် ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အပိုင်း(၂)ဒုတိယ အသုတ်ကို ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ မှန်ကန်မြန်ဆန်စေရေးအတွက် မြန်မာအီလက်ထရောနစ်(MEVM)စက်ဖြင့် သရုပ်ပြစမ်းသပ်မဲပေးခြင်း ကို ဇန်နဝါရီ ၅ရက် မွန်းလွှဲ၁နာရီက မဲရုံအမှတ်(၁)အ.လ.က(ခွဲ)(စျေးတန်းတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ သရုပ်ပြစမ်းသပ်မဲပေးခြင်းအား လင်းခေးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မဲရုံမှူးနှင့်အဖွဲ့ဝင်များ၊ မဲဆန္ဒရှင်ပြည်သူများပူးပေါင်း၍ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများအဆင်ပြေ လုံခြုံစွာဆန္ဒမဲပေးနိုင်ရေး၊ မှန်ကန်မြန်ဆန်စေရေးအတွက် မြန်မာအီလက်ထရောနစ်(MEVM)စက်ဖြင့် သရုပ်ပြစမ်းသပ်မဲပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
