မောက်မယ် ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊မောက်မယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူးကျင်းပသည့် အပိုင်း(၂) ဇန်နဝါရီလ (၁၁)ရက်နေ့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့မှ အပြီးသတ် Installation ပြုလုပ်ခြင်းကို ဇန်နဝါရီလ(၂)ရက် နံနက်၉နာရီက စတင်ပြီး မြို့နယ်နမ့်ယွမ်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မောက်မယ်မြို့နယ်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့် ဒုတိယအပိုင်း(၂) ၂၀၂၆ခုနှစ်ဇန်နဝါရီလ(၁၁)ရက်နေ့တွင်ပါဝင်ပြီး မဲရုံ(၃၃)ရုံအတွက် အဆိုပါမြန်မာအီလက်ထရောနစ်မဲပေး စက်(MEVM)ဆိုင်ရာ လွိုင်လင်နည်းပညာတက္ကသိုလ်အထောက်အကူပြုအဖွဲ့မှအပြီးသတ် Installation ပြုလုပ်ပြီး စက်ကိုင်မည့်ဝန်ထမ်းများအား စက်ကိုင်သွယ်ပုံကိုင်သွယ်နည်းလမ်းများ ပြသပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
