မောက်မယ် သြဂုတ် ၂၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊မောက်မယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှကြီးမှူး ကျင်းပသည့် မဲဆန္ဒရှင်များအားမြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်း နှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းသင်တန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ် မြို့နယ် နမ့်ယွမ်းခန်းမ၌ ယနေ့နံနက်၉နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်သင်းသင်းနိုင်က မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် အဆင့်ဆင့်သုံးစွဲပုံများ၊ မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ မဲပေးစက်တပ်ဆင်ပုံ၊ မဲပေးချိန်နှင့်မဲရေတွက်ချိန်တို့တွင် ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုပုံနည်းစနစ်များ၊ မဲပေးမှုနည်းလမ်းရိုးရှင်းလွယ်ကူခြင်း၊ အချိန်တိုအတွင်းမဲရလဒ်ရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များ ရရှိနိုင်ခြင်း၊ ပယ်မဲမရှိခြင်း၊ ရွေးကောက်ပွဲရလဒ်ကိုလည်း အချိန်တိုအတွင်းကြေညာပေးနိုင်မည်ဖြစ် ကြောင်း ရှင်းလင်းပြသပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် မဲဆန္ဒရှင် ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေးခြင်း များ ဆောင်ရွက်ခဲ့ကြပြီး သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး