မောက်မယ် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊မောက်မယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူး ကျင်းပသည့် အပိုင်း(၂)ဒုတိယ အသုတ်ကိုဇန်နဝါရီလ(၁၁)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ မွေတော်ရပ်ကွက်ရှိမဲဆန္ဒရှင်ပြည်သူများ၏ အမှတ်စဉ်တုံကင်နံပါတ်များ အိမ်တိုင်ရာရောက်လိုက်လံဝေငှ ခြင်းကို ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းကစတင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ မဲစာရင်းအမှတ်စဉ်တုံကင်နံပါတ်များဝေငှရာတွင် ရပ်ကွက်အတွင်းရှိ မဲရုံမှတာဝန်ရှိသူ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးတို့က ဆန္ဒမဲပေးရာတွင် အချိန်ကြန့်ကြာမှုမရှိစေရေး ရွေးကောက်ပွဲပြုလုပ်မည့် ဇန်နဝါရီလ(၁၁)ရက်နေ့တွင် နံနက်(၆)နာရီမှညနေ(၄)နာရီအထိ သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်ဆန္ဒမဲပေးရာတွင် မြန်ဆန်စေရန်မိမိတို့၏ မဲစာရင်းအမှတ်စဉ်တုံကင်နံပါတ် စာရွက်များကို အိမ်တိုင်ရာရောက်လိုက်လံဝေငှပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မောက်မယ်မြို့နယ်၊ မွေတော်ရပ်ကွက်၊ အခြေခံ ပညာမူလတန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်အခမ်းအနားကို နံနက်(၉)နာရီခွဲက ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများတက်ရောက်၍ ကျင်းပခဲ့ကြသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းချမ်းခိုင်က အဖွင့်အမှာစကားပြောကြား ပြီး ကျောင်းသားမိဘများကိုယ်စား ဦးဝင်းသူအောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ KGနှင့်မူလတန်းဆင့်ပြီးမြောက်ကြောင်းလက်မှတ်များကို မြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင်က ချီးမြှင့်ပေးအပ်၍ ကာယဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများ ကဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသားကျောင်းသူလေးများက တေးသရုပ်ဖော် တိုင်းရင်းသားရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့