
မောက်မယ် ဇူလိုင် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောက်မယ်မြို့နယ်ရုံးမှ မြန်မာ့စီးပွားရေးဘဏ်၌ မြို့နယ်အတွင်းရှိ ပင်စင်လစာငွေများလာရောက်ထုတ်ယူသည့်အငြိမ်းစားဝန်ထမ်းများအား ဇူလိုင်လ(၂၆)ရက် နံနက်၉နာရီက UID (Unique Identity)ကတ်များဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောက်မယ်မြို့ နယ်ရုံးမှဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးကျော်ထိန်ဝင်း ဦးဆောင်၍ဝန်ထမ်းများက ပင်စင်လစာငွေ များလာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား နံနက် ၉နာရီမှ ညနေ ၃နာရီအထိ ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းနှင့် UID (Unique Identity)ကတ်များဆောင်ရွက်ပေးပြီး လက်ဝယ်အရောက် နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး