‎‎
မောက်မယ် ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၁၁)ရက် နေ့အပိုင်း(၂)ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန် ထမ်းဆောင်ခဲ့ကြသည့် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတို့အား ချီးကျူး ဂုဏ်ပြုပွဲအခမ်းအနားကို ဇန်နဝါရီ ၂၃ ရက် နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် က ချီးကျူးဂုဏ်ပြုအမှာစကားပြောကြားပြီး ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၁၁)ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် အပိုင်း( ၂ )ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ကျရာအခန်း ကဏ္ဍ၌ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူလျက် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့သည့် ဌာနဆိုင် ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများအား ချီးကျူးဂုဏ်ပြုမှတ်တမ်း လွှာများကို မြို့နယ်အုပ်ချုပ်ရေးမှူးက အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး