မောက်မယ် ဇူလိုင် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်သံဃာ့နာယက အကျိုးတော်ဆောင်ဆရာတော်နှင့်နန်းဖတ်ခုမ်ကျောင်းထိုင်ဆရာတော်ရွေးချယ်ခြင်း အစည်းအဝေးကို ဇူလိုင်လ(၂၇)ရက် နံနက်၉နာရီက တောင်ကျောင်းတော်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ သည်။
အခမ်းအနားတွင်နမောတဿသုံးကြိမ်ရွတ်ဆို ပူဇော်ဘုရားကန်တော့ဖွင့်လှစ်ပြီး အစည်းအဝေး သဘာပတိဆရာတော်က အစည်းအဝေးဖွင့်သြဝါဒကထာမြွက်ကြားတော်မူပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းသက်နိုင်က သာသနာရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်း လျောက်ထားပြီး ဇူလိုင်လ၁၁ရက်နေ့က ဘဝနတ်ထံပျံလွန်တော်မူသွားသော မြို့နယ်သံဃာ့နာယက အကျိုးတော်ဆောင်ဆရာတော်(နန်းဖတ်ခုမ်ကျောင်းထိုင်ဆရာတော်)အစား မြို့နယ်သံဃာ့နာယက အကျိုးတော်ဆောင်ဆရာတော်အဖြစ် ကမ္မဋ္ဌာန်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မနန္တနှင့် နန်းဖတ်ခုမ် ကျောင်းထိုင်ဆရာတော်အဖြစ် အောင်မင်္ဂလာမွေတော်စာသင်တိုက် စာချဆရာတော်ဘဒ္ဒန္တကုသလ အား သံဃစည်းမျဉ်းလုပ်ထုံးလုပ်နည်းနှင့်အညီရွေးချယ်၍ ကျောင်းထိုင်လက်မှတ်အသိအမှတ်ပြုလွှာ အားဆက်ကပ်လှူဒါန်း၍ အစီအစဉ်အတိုင်းဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်နှင့် မြို့နယ်အတွင်းရှိကျောင်းထိုင်ဆရာတော်/သံဃာတော်များ၊မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ဂေါပကအဖွဲ့များနှင့်တာဝန်ရှိသူများ တက်ရောက်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားရုပ်သိမ်းခဲ့ ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး