
မောက်မယ် သြဂုတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ဘုရားကျောင်းကန်များတွင် သန့်ရှင်းသာယာလှပစေရေး၊ မြို့နယ်အတွင်းရှိပြည်သူများ၏ လူနေမှုအဆင့်အတန်းများဖွံ့ဖြိုးတိုးတက် စေရေးစသည်ဖြင့်မြို့ပြအင်္ဂါရပ်နှင့်အညီ ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ယနေ့နံနက်၇နာရီက ဌာနဆိုင်ရာဝန်ထမ်းများမှစုပေါင်း၍ မြို့သမိုင်းဝင်နန်းဖတ်ခုမ်စေတီကျောင်းဝန်းအတွင်း/အပြင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက် ခဲ့ကြ သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သား များတို့က နန်းဖတ်ခုမ်စေတီတော် ဘုန်းကြီးကျောင်းဝန်းအတွင်း/အပြင်တွင် ဘုရားရုပ်ပွားတော်များအား ရောင်တော်ဖွင့်သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ စေတီပုထိုးပေါ်ပေါက်ရောက်နေသောပေါင်းပင်များရှင်းလင်း ခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များရှင်းလင်း ခြင်း၊ မြက်များခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို တက်ညီလက်ညီစုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး