မောက်မယ် အောက်တိုဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မိမိတို့မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက စနစ်တကျ ရှာဖွေကယ်ဆယ်ရေးများဆောင်ရွက်နိုင်ရန်၊ ပြည်သူ့အကျိုးပြုတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စည်းကမ်းကောင်းမွန်ပြီး စွမ်းရည်ပြည့်ဝစွာပါဝင်ဆောင်ရွက်နိုင်ရေးစသည် မွန်မြတ် သည့်ရည်ရွယ်ချက်များဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) အမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ(၅)ရက် နံနက်၉နာရီက မြို့နယ်မီးသတ်ဦးစီးဌာန သင်တန်းခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားပြီး ထူးချွန်ဆုရရှိသည့်အရန်မီးသတ် တပ်ဖွဲ့ဝင်များအား တာဝန်ရှိသူများတို့ကဆုများ အသီးသီးပေးအပ်ကာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး