မိုးနဲ အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊ မိုးနဲမြို့နယ် ကမ္ဘောဇခန်းမ၌ ရွေးကောက်ပွဲအကြို ကာလ ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာလ၁၅ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်‌ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတက်‌ ရောက်ခဲ့ကြောင်းသိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် ဦးကျော်ကျော်ခိုင်က ပထမအကြိမ် ကြေညာသည့် မဲစာရင်းများကို မှန်ကန်သည့်မဲစာရင်းများဖြစ်လာအောင်ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူများကျန်ရှိခြင်း၊ အမည်နေရပ်လွဲမှားခြင်း အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးအောင်ကိုကိုဝင်းက ကြိုတင်မဲပေးသည့်အကြောင်းအရာများကိုလည်းကောင်း အသီးသီး အကျယ်တဝင့်ပြောကြားခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသော ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေး ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့