
မိုးနဲ ဇူလိုင် ၂၄
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်အစီအစဉ်ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများကို ဇူလိုင်လ(၂၄)ရက် နံနက်ပိုင်းက အခြေခံပညာအထက်တန်း ကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား ၊ကျောင်းသူ (၈၀)ဦးအား ထိုးနှံပေးခဲ့ရာကာကွယ်ဆေးထိုးနှံပေးရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ဆရာ၊ ဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး