မိုင်းရှူး ဒီဇင်ဘာ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊မိုင်းရှူးခရိုင်၊ကျေးသီးမြို့နယ်တွင်ဒီဇင်ဘာအားကစားလူထုစုပေါင်းလမ်းလျှောက်ပွဲကိုဒီဇင်ဘာ၂၀ရက် နံနက်(၅)နာရီခွဲက မြို့လယ်တြိဂံလမ်းဆုံမှစတင်၍နားလွယ်လမ်းခွဲမှမြို့မအားကစားကွင်းသို့စုပေါင်းလမ်းလျှောက်ခဲ့ကြောင်းသိရသည်။
အဆိုပါလမ်းလျှောက်ပွဲတွင် ခေတ္တစစ်ဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးမင်းဦး၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးသက်နောင်ဖြူနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ဆရာ/မများနှင့်ကျောင်းသား/သူများ ဒေသခံပြည်သူများတို့ကမြို့လယ်တြိဂံလမ်းဆုံမှလမ်းမကြီးတစ်လျှောက်ပျော်ပျော်ပါးပါးပါဝင်စုပေါင်းလမ်းလျှောက်ကြပြီးမြို့မအားကစားဘောလုံးကွင်းအတွင်း၌သွေးပူလေ့ကျင့်ခန်းနှင့်ကိုယ်လက်လေ့ကျင့်ခန်းများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
