ကျေးသီး ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှုးခရိုင်၊ ကျေးသီးမြို့နယ်တွင် ဒီဇင်ဘာအားကစားလ လူထု စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၅ နာရီခွဲကမြို့လယ်တြိဂံလမ်းဆုံမှစတင်၍ နား လွယ်လမ်းခွဲမှမြို့မအားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းလျှောက်ပွဲတွင် ခေတ္တစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးမင်းဦး ၊ မြို့နယ် စီမံခန့် ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးသက်နောင်ဖြူနှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာအကြီးအကဲ များနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများတို့ ကမြို့လယ်တြိဂံလမ်းဆုံမှ လမ်းမကြီးတစ်လျှောက် ပျော်ပျော်ပါးပါး ပါဝင်စုပေါင်းလမ်းလျှောက် ကြ ပြီး မြို့မအားကစားဘောလုံးကွင်းအတွင်း၌ သွေးပူလေ့ကျင့်ခန်းနှင့် ကိုယ်လက်လေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ကြပြီး ကျောင်းသားကျောင်းသူများမှအားကစားပြိုင်ပွဲ မီတာ၁၀၀၊ သုံးချောင်းထောက်၊ စာအုပ်ရွက် ပြိုင်ပွဲမှ ဆုရရှိသူများအား ဆုအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့