မိုင်းရယ် ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းရယ်မြို့နယ်ရုံးမှ ပန်းခင်းစီမံချက် အဆင့် (၃)ဖြင့် မြို့နယ် အတွင်းရှိ နိုင်ငံသားစိစစ် ရေးကတ်ပြားမပြုလုပ်ရ သေးသည့် အသက်(၁၈)နှစ် ပြည့်ပြီးသူများ၊ နိုင်ငံသားစိစစ် ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံးသူများကိုနိုင်ငံသားစိစစ် ရေးကတ်ပြားထုတ် ပေးနိုင်ရန်အတွက် ဒီဇင်ဘာလ(၂၁)ရက် နံနက် ၁၀ နာရီက မြို့ပေါ် ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ ကွင်းဆင်း ဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းရယ်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးသန်းထွန်းအောင်နှင့်ဝန်ထမ်းများက လုံလိုင်းကျေးရွာအုပ်စု၊ မိုင်းဟိန်းကျေးရွာအုပ်စု၊ မိုင်းဟ မန်မုံကျေးရွာအုပ်စု၊ ဟိုဆိုင်းကျေးရွာအုပ်စုနှင့် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်တို့တွင် အိမ်ထောင်စုဇယား ပုံစံ(၆၆/၆)တွင်ပါရှိပြီး အသက်(၁၈)နှစ်ပြည့်၍ မှတ်ပုံတင်မပြုလုပ်ရ သေးသည့်သူများ၊ နိုင်ငံသားစိစစ် ရေးကတ်ပြား လဲလှယ်၊ မိတ္တူများ ပြုလုပ် ပေးခြင်းများကို ဒေသခံပြည်သူ စုစုပေါင်း(၂၀၆)ဦးအား ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းရယ်မြို့နယ်ရုံးအနေဖြင့် လာမည့်ရွေး ကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မြို့နယ် အတွင်းရှိ ပြည်သူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေ ရေးအတွက် မြေပြင်ကွင်းဆင်း၍ နိုင်ငံသားစိစစ် ရေးကတ်ပြားများ ပြုလုပ် ပေးခြင်း၊ လဲလှယ်၊ မိတ္တူများ ပြုလုပ် ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
