
မိုင်းရယ် နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့၌ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို နိုဝင်ဘာ ၁၄ရက် နံနက်(၉)နာရီက မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင် ဉက္ကဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် ၂၀၂၅ခုနှစ်၊ (၁၀၅)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအ မှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကဌ ဉီးစိုးမင်းအောင် က ဖတ်ကြားပါသည်။
ယင်းနောက် မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ကျင်းပ ပြုလုပ်သည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဉက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး