မိုင်းရယ် ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုင်းရယ်မြို့နယ်အတွင်း ရွေးကောက်ပွဲထပ်မံပြုလုပ်မည့် ကျေးရွာအုပ်စုများအား မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌပါဝင်သောအဖွဲ့တို့သည် ဒီဇင်ဘာလ၅ ရက် နံနက် (၉)နာရီ အချိန်ကစတင်ပြီး ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဉီးဆောင်သောအဖွဲ့သည် မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲထပ်မံပြုလုပ်မည့် နောင်မို၊ ဟိုယ၊ ကောင်းမောင်၊ လွယ်ငင်း ကျေးရွာအုပ်စုများတွင် မဲဆန္ဒရှင် စာရင်းကောက်ယူပြုစုနေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပါသည်။ မိုင်းရယ်မြို့နယ်သည် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အပိုင်း(၂)၌ ဆောင်ရွက်မည့် မြို့နယ်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
