
မိုင်းရယ် အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲများကို နားလီကျေးရွာ အမက(နားလီ)တွင် အောက်တိုဘာလ၁၃ရက် နေ့လည်(၁)နာရီက ကျင်းပ ပြုလုပ်သည်။
အဆိုပါ အမက(နားလီ)တွင် မိုင်းရယ်မြို့နယ်၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဉီးစီးအရာရှိ ဒေါ်ခင်မာလာက စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲအဖြစ် စာဖတ်ခြင်း အကျိုးကျေးဇူး အကြောင်းကို ဟောပြောသည်။ ယင်းနောက် နယ်လှည့် စာကြည့်တိုက်အဖြစ် စာအုပ်စာစောင်ဖတ်ရှုစေခြင်း၊ ငှားရမ်းပေးခြင်းကို ပြုလုပ်ပြီး မူးယစ်ဆေးဝါးအန္တရာယ်အ ကြောင်း သိကောင်းစရာ နံရံကပ်စာစောင်ကို ပြသရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့