
မိုင်းရယ် နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ် တက်ရောက်နေသည့် ကျောင်းသား/သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာလ၂၀ရက် နံနက်ပိုင်းက မိုင်းရယ်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အဆိုပါ မိုင်းရယ်မြို့နယ်အတွင်းမှ မကြာမီဖွင့်လှစ်တော့မည့် သက်ဆိုင်ဆိုင်မြို့နယ် ပြင်ပရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်အသီးသီးသို့ သွားရောက်တက်ရောက်ကြမည့် ကြိုတင်ဆန္ဒမဲ ပေးရန် ကျောင်းသား/သူ(၉)ဦးရှိသည့်အနက် (၈)ဦးသည် ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရှိရပါ သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး