
မိုင်းရယ် အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးတစ်ဧက တင်း ၁၀၀ အထွက်နှုန်း ရရှိရေး စံကွက် ရိတ်သိမ်းခြင်းကို အောက်တိုဘာလ(၂၁)ရက် နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက်၊ မိုက်ဟိုင်းလန်ရပ်၊ ကွင်းအမှတ်(၁)၊ ဦးပိုင်အမှတ်(၅)၊ တောင်သူဦးလိုင်းဆယ်သား၏ လယ်မြေတွင် ပြုလုပ်သည်။
အဆိုပါ မိုးစပါးစံပြကွက်ရိတ်သိမ်းရာတွင် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်နှင့်ဝန်ထမ်းများ၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မြင့်နိုင်နှင့် ဝန်ထမ်းများ၊ နားဖျိုင်း ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် တောင်သူများတက်ရောက်ကြပြီး ကောင်း၊ သင့်၊ ညံ့ စံကွက်(၃)ကွက် ရိတ်သိမ်းခဲ့ရာ (၈၈၁)စပါးမျိုး တစ်ဧကလျှင် အစိုထွက် ၁၃၀ ဒသမ ၃၁ တင်း၊ အခြောက်ထွက် ၁၀၉ ဒသမ ၃၇ တင်း ထွက်ရှိကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့