မိုင်းရယ် ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများပါဝင်သည့် စုပေါင်းအဖွဲ့သည် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်သန်စွမ်းစေရေးအတွက် ဒီဇင်ဘာလ(ဒုတိယအပတ်) လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ(၁၃)ရက် နံနက် ၅ နာရီက မိုင်းရယ်မြို့၌ ကျင်းပသည်။
ထိုသို့ ကျင်းပရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဌ ဦးစိုးမင်းအောင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ကျောင်း သူများသည် မြို့လယ်မဟာဗောဓိရွှေစေတီနှင့်ဆုတောင်းပြည့်ဘုရားကိုဆူစေတီမှ စတင် တာထွက်ရာ မိုင်းရယ်-ကျေးသီးသွား ကားလမ်းအတိုင်း အ.မ.က(နားလီ)အထိ စုပေါင်း လမ်းလျှောက်ကြပြီး မြို့နယ်အားကစားကွင်း၌ ပန်းဝင်၍ ကိုယ်ကာယလေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြသည်။
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အဆိုပါ မြို့နယ်အားကစားကွင်း၌ မြန်မာ့ရိုးရာ အားကစားပြိုင်ပွဲများကို ပြုလုပ်ပေးရာ အခြေခံ ပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကဌနှင်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများက အားပေးခြင်း၊ ဆုများပေးအပ်ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
