မိုင်းပန် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း ၂၀၂၅-၂၀၂၆ ခုပညာသင်နှစ်၏ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ၃ရက်နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်တွင် ဘင်ခရာအဖွဲ့က တီးမှုတ်ဖျော်ဖြေခဲ့ကြပြီး မြို့နယ်ပညာရေးမှူးတာဝန်ခံ ဆရာကြီးဦးထွန်းနေအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမြင့်မြင့်အေးက ပွဲတော်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှကူညီပံ့ပိုးပေးပါသော စေတနာရှင်၊ အလှူရှင်များအား ကျေးဇူးတင်စကား ပြောကြားပြီး ပညာရည်ချွန်ဆု၊ လူရည်ချွန်ဆုနှင့် ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကျောင်းသား/သူလေးများက အကပဒေသာများနှင့် ဘက်စုံပညာကိုရည် တို့လှမ်းချီ ကဗျာ ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
မ်းပြည်နယ်အစိုးရအဖွဲ့