မိုင်းပန် ဩဂုတ်၂၃
မိုင်းပန်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဟန်ဇော်မြင့်သည် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးအား မိုင်းပန်မြို့နယ်၊ အရှေ့ကျေးရွာအုပ်စု၊ ဟိုဖိုင်ကျေးရွာရှိ ကုန်းပင်းဗုဒ္ဓမေတ္တာတောင် တက်လမ်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ဩဂုတ်၂၃ ရက် နံနက် ၇ နာရီခွဲတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ လူမှုရေး အသင်းအဖွဲ့များ စုစုပေါင်းအင်အား (၁၂၅)ဦးဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာ၌ ပူးပေါင်းပါဝင် ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး