‎‎
မိုင်းပန် ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ခေးခရိုင်၊ မိုင်းပန်မြို့နယ် တာဆန်းကျေးရွာအနီးရှိ သံလွင်တံတား(တာဆန်း)ဖွင့်ပွဲကို အဆိုပါတံတား၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ၂၁ရက် နံနက် ၁၁ နာရီခွဲက တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သံလွင်တံတား(တာဆန်း) ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံသို့ ဆောင်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သံလွင်တံတား(တာဆန်း)ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်ကို ဂါရဝပြုပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါတံတားသည် သံမဏိပေါင် တံတားဖြစ်ပြီး အရှည် ၈၇၆ ပေ၊ အကျယ် ၃၃ ပေနှင့် အမြင့် ၃၄ ပေဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းပန်မြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံအား ဆက်သွယ်ပေး လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး