မိုင်းပန် အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော ခေါင်းဆောင်ကောင်း စာအုပ်စာဖတ်ဝိုင်းကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အောက်တိုဘာလ၁၅ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်က စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြာပြီး စာပေချစ်မြတ်နိုးသူများနှင့် ခေါင်းဆောင်ကောင်း စာအုပ်ပါ အောင်မြင်လိုလျှင် လူတွေအောင်မြင်အောင်ကူညီပါ၊ ကိုယ်ရည်ကိုယ်သွေး၊ ခေါင်းဆောင်မှုအညွှန်း၊ ဆက်ဆံရေးနှင့်ခေါင်းဆောင်မှု စသည့်ခေါင်းစဉ်များဖြင့် အပြန်အလှန်ပြန်လည် ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့