
မိုင်းပန် အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆိုင်းဘုတ်စိုက်ထူဖွင့်ပွဲအခမ်းအနားကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ မြို့နယ်စဝ်ကောလီခန်းမရှေ့၌ အောက်တိုဘာလ၁၅ ရက် နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဖွင့်လှစ်ပေးခဲ့ကြပြီး ဆိုင်းဘုတ်များအား ကင်ပွန်းရေများပက်ဖျန်းပေးခဲ့ကြသည်။ ဆက်လက်၍ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန်အတွက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲပေးစက်အသုံးပြု၍ မဲပေးပုံ အဆင့်ဆင့်များသိရှိနိုင်စေရန် အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့