
မိုင်းပန် ဩဂုတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ အသင်(၁၂)နှစ်အောက် မြို့နယ်ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း၊ ဘောလုံးကွင်း၌ ယမန်နေ့ညနေ ၂နာရီက ကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က(မိုင်းပန်)အသင်းနှင့် အ.လ.က(ခွဲ)မြို့မအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ အ.လ.က(ခွဲ)မြို့မအသင်းက အ.ထ.က(မိုင်းပန်) အသင်းအား (၄)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများမှ ပထမဆု၊ ဒုတိယဆု၊ အကောင်းဆုံးကစားသမားဆု၊ အသန့်ရှင်းဆုံးဆုနှင့် အကောင်းဆုံးဂိုးသမားဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး