မိုင်းပန် စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် မြူခိုးမြူငွေ့ လျှော့ချရေး အသိပညာပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စက်တင်ဘာ၁၉ရက် နံနက် ၁၀ နာရီကကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်က လူငယ်ရေးရာများအကြောင်း၊ လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ဟောပြောပွဲနှင့် မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးရန်ပိုင်ထွန်းက မြူခိုးမြူငွေ့လျှော့ချရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပြီး လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲ ပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး