မိုင်းပန် ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဇန်နဝါရီလ ၆ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦး ကအဖွင့်အမှာစကား ပြောကြားပြီး မဲဆန္ဒရှင်များ ဆန္ဒမဲ‌ပေးရာတွင် မဲစာရင်းစိစစ်ရာတွင် အချိန်ကြာမြင့်စွာမရှိစေရေး၊ MEVM (မြန်မာ့အီလက်ထ‌ရောနစ်မဲပေးစက်) ပြန်လည်စစ်ဆေးခြင်းနှင့် Installation ပြုလုပ်ခြင်းဆိုင်ရာ မှားယွင်းမှုမရှိ‌စေရေး၊ မဲရုံမှူးမှ မဲရလဒ်များစာရင်းပြုစုရာတွင် ကြိုတင်မဲ၊ မဲပေးစက်ရလဒ်များ ဇယားထည့်သွင်းရာတွင် တိကျ မှန်ကန်စေရန် အတွက်ရှင်းလင်းပြောကြားပေးခဲ့သည်။ ဆက်လက်၍ ရပ်ကွက်/ကျေးရွာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲများနှင့် မဲရုံတာဝန်ရှိသူများတို့က တစ်ဦးချင်းစီ မိတ်ဆက်ခဲ့ကြပြီးလိုအပ်သည်များ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး မဲရုံများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့