မိုင်းပန် ဇူလိုင် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား Biometric Data ကောက်ယူ၍ UID ထုတ်ပေးနိုင်ရေးဆောင်ရွက်ခြင်းကို မြန်မာ့စီးပွားရေးဘဏ်၌ ဇူလိုင်လ(၂၆)ရက် နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းပန်မြို့နယ်အတွင်း ပင်စင်စားနိုင်ငံ့အငြိမ်းစား ဝန်ထမ်းများအား Biometric Data ကောက်ယူ၍ UID ထုတ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုးသူအောင်နှင့် ဝန်ထမ်းများမှ UID ကောက်ယူရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး