မိုင်းပန် ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ဒီဇင်ဘာလတတိယပတ် လူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ(၂၀)ရက် နံနက် ၅ နာရီခွဲက ကျင်းပခဲ့သည်။
အဆိုပါ လမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရုံးဝန်ထမ်းများ၊ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများ စုစုပေါင်းလူအင်အား (၃၈၀)ခန့်တို့က မြို့မဈေးရှေ့မှ မဟာတေဇာဓိပတိစေတီတော်ကြီးအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး သွေးပူလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ခြင်းနှင့် ကျောင်းသား/သူများက Physical Fitness Exercises အကများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားခန်းမ၌ အလွတ်တမ်းပိုက်ကျော်ခြင်းပြိုင်ပွဲကို နံနက် ၁၀ နာရီခွဲက ကျင်းပသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က ကြည့်ရှုအားပေးခဲ့ကြပြီး မီးသတ်တပ်ဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဆုများကို ဒီဇင်ဘာလနောက်ဆုံးပတ် လူထုလမ်းလျှောက်ပွဲတွင် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
