မိုင်းပန် ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ဒီဇင်ဘာလဒုတိယအပတ် လူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ၁၃ရက် နံနက် ၅ နာရီခွဲက ကျင်းပခဲ့သည်။
အဆိုပါ လမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့် ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရုံးဝန်ထမ်းများ၊ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများတို့က မြို့မဈေးရှေ့မှ မဟာတေဇာဓိပတိစေတီတော်ကြီးအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး စုစုပေါင်း လူအင်အား (၄၁၀)ခန့်တို့က သွေးပူလေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ကြပြီး ကျောင်းသား/သူများက Physical Fitness Exercises အကများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့