မိုင်းပန် နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်လှူပူဇော်ပွဲတော်ကို နိုဝင်ဘာလ၄ရက် နံနက် ၇ နာရီက ကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းပန်မြို့အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များက အရှေ့ရပ်ကွက်ညောင်ကိုးပင် ကျောင်းမှ မြို့နယ်ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် မြို့တွင်းတစ်ပတ်လှည့်လည် ဆွမ်းခံကြွတော်မူခဲ့ကြရာ စေတနာရှင်၊ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ပူဇော်ပသခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး