မိုင်းပန် ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှကြီးမှူးကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ဇန်နဝါရီလ၁၁ရက် နံနက် ၆နာရီကစတင်ကာ မြို့နယ်အတွင်းရှိမဲရုံအသီးသီး၌ မဲရုံမှူးက မဲရုံဖွင့်လှစ်ကြောင်း ကြေညာပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများက လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လွတ်လပ်အေးချမ်းစွာသက်ဆိုင်ရာမဲရုံများ၌ ဆန္ဒမဲများပေးလျက်ရှိကြောင်းသိရသည်။
မိုင်းပန်မြို့နယ်အတွင်း မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ အလိုက် ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အဆိုပါမဲဆန္ဒရှင်ပြည်သူများအနေဖြင့် မနက်စောစော မဲရုံမဖွင့်မီအချိန်ကတည်းကပင် သတ်မှတ်မဲရုံအသီးသီးသို့ စိတ်ဝင်တစားလာရောက် စောင့်ဆိုင်းကာ မဲရုံဖွင့်လှစ်သည်နှင့် စနစ်တကျတန်းစီစောင့်ဆိုင်းပြီး ဆန္ဒမဲပေးခဲ့ကြသည်။
ထိုသို့ဆန္ဒမဲပေးရာတွင် မဲရုံမှူး၊ ဒုမဲရုံမှူးများမှ သက်ဆိုင်ရာပါတီ ကိုယ်စားလှယ်လောင်းများ၊ စောင့်ကြည့်သူများနှင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် တာဝန်ရှိသူများက မဲပေးကြသည့်မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
