မိုင်းဆတ် ဇန်နဝါရီ ၄

လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် (၇၆) ခုနှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ပြည်သူလူထု စိတ်နှလုံးအေးချမ်းစေရေး လူသားချင်းစာနာထောက်ထားမှုများကို အလေးထားသောအားဖြင့်လည်းကောင်း ဇန်နဝါရီလ(၄) ရက်နေ့ နေ့လည်(၁၂း၂၀)အချိန်တွင်
အကျဉ်းထောင် အချုပ်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသောအကျဉ်းသား/သူ (၉၆၅၂) ဦးတို့အား ရာဇဝတ်ကျင်းထုံးဥပဒေပုဒ်မ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခဲ့ရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့် ပြုပေးရာ မိုင်းဆတ် အကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိလွတ်မြောက်သည့် အကျဉ်းသား/အကျဉ်းသူ/ (၂၁ )ဦးကို ကျန်းမာရေး ကြိုတင်စစ်ဆေးရန် လွတ်ငြိမ်းခွင့်အခမ်းအနားအား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်မှ တက်ရောက်ခဲ့ပါကြောင်း တင်ပြအပ်ပါသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး