မိုင်းဆတ် နိုဝင်ဘာ-၂၆
မိုင်းဆတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင်နိုဝင်ဘာလ (၂၆ ) ရက် နံနက်(၉) နာရီတွင် ၂၀၂၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲရုံမှူး ဒု-မဲရုံမှူး ရပ်/ကျေးကော်မရှင်များအား သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ (ဥက္ကဋ္ဌ) ဦးညီညီထွေးနှင့် မိုင်းဆတ်ခရိုင်/မြို့နယ် ရွေးကောက် ပွဲကော် မရှင် အဖွဲ့ခွဲ(ဥက္ကဋ္ဌ) နှင့် ဌာနဆိုင် ရာ (အဖွဲ့ဝင်) များ၊ မိုင်းဆတ် မြို့နယ် ရပ်ကွက် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် သင်တန်းသာ(၂၁၀)နီး စုစုပေါင်း အင်အား(၂၅၀)ဦး တက်ရောက်ခဲ့ ပါသည်။
၎င်းအခမ်းအနားတွင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ (ဥက္ကဋ္ဌ) ဦးညီညီထွေးမှ အဖွင့်အမှာ စကားပြော ကြားရာတွင် နိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်နှင့်အညီ ပြန်ထောင်စု ရွေးကောက်ပွဲအနေဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးပြင်ဆင် ဆောင်ရွက်လျက်ရှိပြီး ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လမ်းညွှန်းချက်များ ထုတ်ပြန်ထားခြင်း၊ သက်ဆိုင်ရာ လွတ်တော်အလိုက် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များအားလုံးကို မိမိတာဝန်ယူ ဆောင်ရွက်ရမည့် မဲရုံမူး၊ဒုမဲရုံမှူးများမှ နားလည်သဘောပေါက် အောင် လေ့လာဖို့လိုအပ် ကြောင်း၊ မဲရုံတစ်ရုံဖွင့် လှစ်ချိန်မှ ပိတ်သိမ်း ချိန်ထိတာဝန်ရှိ သည့်အပြင် လုပ်ငန်းလမ်း ညွှန်များအား သဘောပေါက်ဖို့လိုကြောင်း၊ရွေးကောက် ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျရာကဏ္ဍမှပါဝင် ဆောင်ရွက်စေလိုကြောင်း၊ မှာကြားခဲ့ပါသည်။
ထို့နောက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲဥက္ကဋ္ဌ ဦးထွန်းထွန်းမှ အမှာစကားပြောကြား ပြီး ဒုတိယပိုင်း သင်တန်းအစီအစဉ် အား ဆက်လက်ဆောက်ရွက် ပါကြောင်းနှင့် သင်တန်းအား(၃)ရက်ဖွင့်လှစ်သွားမည်ဖြပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
