မိုင်းဆတ် နိုဝင်ဘာ-၂၆
မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ခရိုင်ပေါင်းစုံ အေရိုးဗစ် ပြိုင်ပွဲတွင် တတိယဆုရရှိသော ပြိုင်ပွဲဝင်အားကစားသမားများအား နိုဝင်ဘာလ(၂၆)ရက်၊နံနက် (၁၀)နာရီက ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
ဆက်လက်၍ အခမ်းအနားတွင် ခရိုင်အားကစားနှင့်ကာယပညာကော်မတီ၊ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးညီညီထွေးမှ အမှာစကားပြောကြားခြင်း၊‌‌အေရိုးဗစ် အားကစားအသင်း အုပ်ချုပ်သူ ခရိုင်အား/ကာမှူး ဒေါ်ခင်လပြည့်ဝန်းမှ ပြိုင်ပွဲဝင်အတွေ့အကြုံများရှင်းလင်းတင်ပြ၍ အေရိုးဗစ်အားကစားသမား(၁)ဦးမှ ကျေးဇူးတင်စကားပြောကြားပြီးနောက် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပါသည်။
ထို့နောက်အခမ်းအနားသို့ အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲရေးမှူး၏ ဇနီးနှင့် တပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ ခစအ/မစအ ဥက္ကဌများနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ပြိုင်ပွဲဝင်အားကစားသမား များနှင့် နည်းပြ၊ အုပ်ချုပ်သူများတက်ရောက်ခဲ့ကြပြီး တတိယဆုရရှိခဲ့သည့် အေရိုးဗစ်အားကစား သမားများအား သဗ္ဗညု‌ကျောင်းထိုင်ဆရာတော်၊ အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲရေးမှူး၏ဇနီး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခစအ အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများမှ ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး