မိုင်းဆတ် ဇန်နဝါရီ-၃
၂၀၂၄−၂၀၂၅ ခုနှစ် ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ (၃) ရက် နံနက်( ၉) နာရီက မိုင်းဆတ်မြို့၊ မယ်ဆွယ်မြောက်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (အထက )တွင် ကျင်းပပြုလုပ်ခဲ့ရာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးညီညီထွေး နှင့်အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဦးစီးမှူး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီးသိန်းဇော် နှင့် ကွပ်ကဲမှုအောက်ရှိ တပ်မတော်တပ်ရင်း/တပ်ဖွဲ့မှူးများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်ပညာရေး မူး ဒေါ် စမ်းကြည်ဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ကျောင်းအုပ်ဆရာကြီး ဦးသောင်းအေး နှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ကျောင်းသားမိဘများ၊ စုစုပေါင်း အင်အား(၄၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားတွင်ခရိုင်စီမံခန့်ခွဲရေးနှင်းအုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးညီညီထွေး မှအဖွင့်အမှာစကားပြောကြားခြင်း၊ ခရိုင်ပညာရေးမှူး ဒေါ်စမ်းကြည်ဝင်းက အမှာစကားပြောကြားခြင်း၊ ကျောင်းအုပ် ဆရာကြီး ဦးသောင်းအေးမှ ကျေးဇူးတင်စကား ပြောကြားခြင်း၊ အထက ဆရာမ များမှ” တို့ရဲ့ ရှမ်းပြည်” သီချင်း ဖြင့် ဖျော် ဖြေတင်ဆက်ခဲ့ရာ ၂၀၂၄−၂၀၂၅ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်အောင်ပညာသင်ကြားပေးခဲ့သော ဆရာ/ဆရာမများနှင့်ထူးချွန်စွာအောင်မြင်ခဲ့ပြီး ဆုရရှိသူကျောင်းသား/ကျောင်းသူများ၊ ဘက်စုံဖွံ့ဖြိုးဆုနှင် ပညာရည်ဆု ရရှိသူ ကျောင်းသား/သူ များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး နှင့်တာဝန်ရှိသူများမှဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း၊ထို့နောက်ကျောင်းဖွံ့ဖြိုးတိုးတက်မှုနှင့် အထွေထွေကိစ္စရပ်များတွင် ပါဝင်ကူညီ လှူဒါန်းပေးခဲ့သော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့