မိုင်းဆတ် ဇန်နဝါရီ ၁၃

လားဟူရိုးရာ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အမျိုးသား အလွတ်တန် ကလပ်ပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင်းပွဲ ဗိုလ်လုပွဲကို ဇန်နဝါရီ (၁၃ )ရက်နေ့ ညနေ၂နာရီခွဲ အချိန် တွင် မိုင်းဆတ်ခရိုင် အားကစား နှင့် ကာယပညာ ကော်မတီ၏ ဦးဆောင်မူဖြင့် ကျင်းပပြီး နောက်ဆုံးဗိုလ်လုပွဲနှင့် ကွင်းပိတ်ပွဲအခမ်းအနားအား ၊ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညီညီထွေး ၊ခရိုင်အဆင့်ဌာနဆိုင်ရာ များ/မြို့နယ် အဆင့်ဌာနဆိုင်ရာများ | မြို့မိမြို့ဖများ၊ဆရာ/ဆရာမနှင် ကျောင်းသားကျောင်းသူများ လားဟူတိုင်းရင်းသားရိုးရာယဉ်ကျေးမူအဖွဲ့များတက်ရောက်ခဲ့ပါသည်။လားဟူးတိုးရာနှစ်သစ်ကူး အထိမ်းအမှတ် အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုရ အသင်းများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြီး ပထမဆုရရှိသော (Lion fc) အသင်းအား ဆုဖလားနှင့်ငွေသားဆုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေး မှ ဆုချီးမြင့်ခဲ့ပါကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး