
မိုင်းဆတ် ဇူလိုင်-၁၅
မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁၅နေ့လယ် ၁၂နာရီခွဲတွင် မိုင်းဆတ်ခရိုင်/မြို့နယ်ပြည့်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ လုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပရာ ခရိုင်ပြည့်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲဥက္ကဌ ဦးညီညီထွေးနှင့် ခရိုင်/မြို့နယ်အဖွဲ့ဝင်များ၊ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြသည်။
ခရိုင်ပြည့်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲဥက္ကဌမှ ဆွေးနွေးမှာကြားရာတွင်၊ အပတ်စဉ်(၁၅) ၇/၂၀၂၅ မှာသင်တန်းသားဦးရေ (၁၉)ဦး ပေးပို့နိုင်သည့်အတွက် 76% ရရှိခဲ့ပါကြောင်း ၊ ပူးပေါင်းဆောင်ရွက်သည့် အတွက် မိုင်းဆတ်ခရိုင်အနေဖြင့် ဂုဏ်ယူရပါကြောင်း၊ နောက်လာမည့်သင်တန်းအပတ်စဉ် (၁၆) ၈/၂၀၂၅ မှာသင်တန်းသား ဦးရေအပြည့်အဝ ပို့ဆောင်နိုင်ရေးအတွက် SOP ပါအတိုင်းလုပ်ငန်းစဉ်အလိုက် အားထည့် ဆောင်ရွက်ကြရန်၊နိုင်ငံတော်ရဲ့ မူဝါဒတစ်ရပ် အနေနဲ့ ဆောင်ရွက်ရမှာဖြစ်လို့ အလေးထား ဆောင်ရွက် စေလိုပါကြောင်း၊ အမည်ပါ အချက်အလက်များ သေချာစိစစ်ရန်၊ ကျန်းမာရေး ကောင်းမွန်စေရေး၊ လ၀က မှ မှတ်ပုံတင်များ သေချာစိစစ်ရန်၊ သက်ဆိုင်ရာရပ်ကွက်ကျေးရွာအဖွဲ့များ အနေ့ဖြင့် ပေးပို့ရမည့် သင်တန်းသား အရေးအတွက်အလိုက် စနစ်တကျ ဆောင်ရွက် ရေး ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ် ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌမှလည်း ဆောင်ရွက်ထားမှုများအား တင်ပြခြင်း၊ တက်ရောက်လာသူများမှလည်း အသီးသီးဆွေးနွေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး