မိုင်းဆတ် ဇူလိုင်-၁၅
မိုင်းဆတ်ခရိုင်/မြို့နယ်ပြည့်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ဇူလိုင်လ(၁၅)ရက် နေ့လည် ၁၂နာရီခွဲ တွင် မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်ပြည့်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲဥက္ကဌ ဦးညီညီထွေးနှင့် ခရိုင်/မြို့နယ်အဖွဲ့ဝင်များ၊ရပ်ကွက် ကျေးရွာ အုပ်ချုပ် ရေးမှူး များနှင့် စာရေးများ တက် ရောက်ခဲ့ကြသည်။
၎င်း ခရိုင်ပြည့်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဌမှ ဆွေးနွေးမှာကြားရာတွင်၊ အပတ်စဉ်(၁၅) ၇/၂၀၂၅ မှာသင်တန်းသားဦးရေ ( ၁၉ )ဦး ပေးပို့နိုင်သည့်အတွက် (၇၆)ရာခိုင်နှုန်း ရရှိခဲ့ပါကြောင်း ၊ ပူးပေါင်း ဆောင်ရွက်သည့်အတွက် မိုင်းဆတ်ခရိုင်အနေဖြင့် ဂုဏ်ယူရပါကြောင်း၊ နောက်လာမည့်သင်တန်းအပတ်စဉ် (၁၆) ၈/၂၀၂၅ မှာသင်တန်းသား ဦးရေအပြည့်အဝပို့ဆောင်နိုင်ရေးအတွက် SOP ပါအတိုင်း လုပ်ငန်းစဉ်အလိုက်အားထည့် ဆောင်ရွက်ကြရန်၊နိုင်ငံတော်ရဲ့ မူဝါဒတစ်ရပ်အနေနဲ့ ဆောင်ရွက် ရမှာဖြစ်လို့ အလေးထား ဆောင်ရွက် စေလိုပါကြောင်း၊ အမည်ပါ အချက်အလက်များ သေချာ စိစစ်ရန်၊ ကျန်းမာရေး ကောင်းမွန်စေရေး၊ လ၀က မှ မှတ်ပုံတင်များ သေချာ စိစစ်ရန်၊ သက်ဆိုင်ရာရပ်ကွက် ကျေးရွာအဖွဲ့များ အနေ့ဖြင့် ပေးပို့ရမည့် သင်တန်းသား အရေအတွက်အလိုက် စနစ်တကျ ဆောင်ရွက်ရေး ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌမှလည်း ဆောင်ရွက်ထားရှိမှုများအား တင်ပြခြင်း၊တက်ရောက်လာသူများမှလည်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး