မိုင်းဆတ် ဇွန်-၂၃
မိုင်းဆတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇွန်လ( ၂၃) ရက် နံနက် ၁၁၌ မိုင်းဆတ်ခရိုင်/မြို့နယ်ပြည့်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့လုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပရာ ခရိုင်ပြည့်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲဥက္ကဌ ဦးညီညီထွေးနှင့် ခရိုင်/မြို့နယ်အဖွဲ့ဝင်များ၊ရပ်ကွက် ကျေးရွာ အုပ်ချုပ် ရေးမှူး များနှင့် စာရေး များ တက် ရောက်ခဲ့ပါသည်။ခရိုင်ပြည့်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲဥက္ကဌမှ ဆွေးနွေးမှာကြားရာတွင်၊ အပတ်စဉ်(၁၅) ၇/၂၀၂၅ အတွက် သင်တန်းသားဦးရေ (၂၅)ဦး ပေးပို့နိုင်ရေးအတွက် အစည်း အဝေး ပြုလုပ်ရခြင်းဖြစ် ကြောင်း၊သင်တန်းအပတ်စဉ် အလိုက်ပို့ဆောင်ရမည့်သင်တန်းသား ဦး ရေအပြည့်အဝပို့ဆောင်နိုင်ရေးအတွက် SOP ပါအတိုင်းလုပ်ငန်းစဉ်အလိုက် အားထည့် ဆောင်ရွက်ကြရန်၊ပြည်သူ စစ်မှု့ထမ်းနှင့်ပတ်သတ်၍ဥပဒေ နည်းဥပဒေ ညွန်ကြားချက်များနှင့်အညီဆောင်ရွက်ဖို့လိုအပ်ကြောင်း ယခု ၇/၂၀၂၅ အပတ် ရာထားချက် သင်တန်း သား (၂၅) ဦး အပြည့်ပေး ပို့နိုင်ရေး သက်ဆိုင် ရာရပ်ကွက် ကျေးရွာ အဖွဲ့များ အနေ့ဖြင့် ပေးပို့ရမည့် သင်တန်းသား အရေးအတွက်အလိုက် စနစ်တကျ ဆောင်ရွက် ရေး ဆွေးနွေးမှာကြားခဲ့ပြီး တက်ရောက်လာသူများမှလည်းအသီးသီးဆွေးနွေးခဲ့ပါကြောင်း သိရှိရသည်.

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး