မိုင်းဆတ် ဇန်နဝါရီ -၇
ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့်လုပ်ငန်း ညှိနိုင်းအစည်း အဝေးကို ဇန်နဝါရီလ၇ရက် နေ့လည်(၁၁)နာရီက မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ (ဥက္ကဋ္ဌ) ဦးညီညီ ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့များ၊ ခရိုင်/မြိုနယ်ဌာန ဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။
ထို့နောက်ခရိုင်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီ (ဥက္ကဋ္ဌ) ဦးညီညီထွေးမှ ရှင်းလင်းဆွေးနွေးရာတွင် မိုင်းဆတ်ခ ရိုင်အနေဖြင့် အပိုင်း(၁) ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် ပူးပေါင်း ဆောင်ရွက်ပေးသော ဌာနဆိုင်ရာများအား အသိအမှတ်ပြုပါကြောင်း၊ ယာယီသမ္မတဲ့၏ညွန်ကြားချက် ဖြစ်သော နွေသီးနှံ စိုက်ပျိုးရေး၊ ဥစားကြက်၊နိုးစားနွား၊ဆိပ်၊ငါးမွေးဖြူရေး အလေးထား ဆောင်ရွက်ရမည့် ဖေဖေါဝါရီ၊မတ်လတွင်တန်းမြင့် စာမေးပွဲ ၁၀၀%ဖြေဆို ရေး၊တန်းသစ်ကူး ပြောင်းနိုင်ရေး၊ တက္ကသိုလ် ဝင်တန်းအောင်ချက် မြင့်မား ရေး၊နွေရာသီ ကျောင်းပိတ်ရက် အားကစားနှင်ယန် ကျေးလိမ်မာ သင်တန်းများ ပို့ချရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် ထပ်ဆင့်ညွှန်ကြားခဲ့ပြီး ပြည်ထောင်စု အစည်းအဝေးတွင်လည်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအား ပို့ကုန်/သွင်းကုန် ဥပဒေနှင့် အရေးယူ ဆောင်ရွက်ရမည့်အပြင် ငွေကြေးခဝါချတိုက်ဖျက်ရေးဥပဒေဖြင့်ပါ အရေးယူမည်ဖြစ်သဖြင့် မိမိဒေသ တရားမဝင်ကုန်သွယ်မူမရှိအောင် အလေးထား ဆောင်ရွက်ရန်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်မှ အပိုင်း(၂) (၃) ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်း များရာနှုန်းပြည့်ပြီးစီးရေး၊ စာရင်းဇယား ကိန်းဂဏန်းများမှန်ကန်ရေး၊oneline လိမ်လည်မှု အမျိုးသားရေး အဆင့်အဖြစ် အမြစ်ပြတ် ချေမှုန်းနေသဖြင့် သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဖမ်းဆီးဖေါ်ထုတ်ရေး ညွှန်ကြားချက်အား ချပြရှင်းလင်းပြီး မူးယစ်ဆေးဝါး တရားမဝင်လက်နက်နှင့် Without ကားများ ဆက်စပ်မှု ရှိသဖြင့် ဖမ်းဆီးဆောင်ရွက်နေမည်ဖြစ်ကြောင်း ဆွေးနွေး မှာကြားခဲ့ပါ သည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့မှလစဉ်ပြုလုပ်သော အစည်းအဝေးဆုံးဖြတ်ချက်များ၊ ညွန်ကြားချက်များ ရှင်းလင်းခြင်း၊ ဒေသဖွံ့ ဖြိုးရေး ဆိုင်ရာကိစ္စများ၊၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တည်ဆောက် ရေးလုပ်ငန်း များဆောင်ရွက် ပြီးစီးမှုအားဌာနအလိုက်တင်ပြဆွေးနွေးကြပြီး မိမိတို့ ရုံးတွင်း/ပြင် သန့်ရှင်း ရေး၊ မြို့သာယာလှပရေး စနေနေ့ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် မိမိတို့ဌာန လုပ်ငန်းများအား ခရီးစဉ်ရောက်ရှိချိန် ပြသနိုင်ရေးအတွက် Powerpoint များ တင်ပြနိုင်ရေး၊ မြို့စည်ပင် သာယာရေးဆိုင်ရာ ကိစ္စရပ်များ၊ လေယာဉ်ကွင်း ပတ်လမ်းရှင်းလင်းရေးကိစ္စများကို ဆွေးနွေးမှာကြားခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများမှ ဌာနအလိုက် ဆောင်ရွက်ထားမှုများ တင်ပြကြပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့