မိုင်းဆတ် ဇန်နဝါရီ-၄
မိုင်းဆတ်ခရိုင်၊မိုင်းဆတ်မြို့ စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၊အထက(ခွဲ) အလက(၂)ကျောင်းတွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့သ၀ဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ဇန်နဝါရီလ(၄)ရက် နံနက်( ၇)နာရီက အစီအစဉ် (၅)ရပ်ဖြင့်ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင်းအုပ်ချုပ်ရေး ကော်မတီ (ဥက္ကဋ္ဌ)ဦးညီညီထွေးနှင့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ဘက်ဆိုင်ရာ အရာရှိကြီးများ၊ မြို့မိမြို့ဖများ၊ (ရှမ်း၊လားဟူ၊အာခါ၊လီဆူ) တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ စုစုပေါင်းအင်အား( ၃၇၀ )ဦးခန့်တက်ရောက်ခဲ့ပါသည်။
ယင်းအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ၊နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်း သာယာရေး ကော်မရှင်(ဥက္ကဋ္ဌ) ဗိုလ်ချုပ်မူးကြီး သတိုးမဟာသရေစည်သူ၊သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ( ဥက္ကဌ) ဦးညီညီထွေးမှ ဖတ်ကြားပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ တက်ရောက်လာသည့် ဧည့်သည်တော်များအား စားသောက်ဖွယ်ရာများဖြင့်တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့