
ကျိုင်းတုံ ဇွန်-၂၅
ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားကြီးတွင် ဇွန်လ( ၂၅) ရက် နံနက် ( ၅ ) နာရီခွဲ၌ မျက်နှာတော်သစ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် စစ်ဘက်အရာရှိကြီးများ၊ နယ်ဘက်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် အတူတက်ရောက်ခဲ့ပြီး မဟာမြတ်မုနိဘုရားကြီးအား မျက်နှာတော်သစ်ရေကပ်လှူခြင်းနှင့် ရောင်တော်ဖွင့်ခြင်း ကုသိုလ်ပြုခြင်းများတွင် အတူလိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက်ကျိုင်းတုံမြို့၊ ခေမရဌဗျာဒိတ်တော်ပေးရပ်တော်မူဘုရားကြီး၊ အာရုံခံတန်ဆောင်းတွင် နံနက် ( ၁၀ ) နာရီ၌ (၃၂)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်အနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း သည် သံဃာတော်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် စစ်ဘက်အရာရှိကြီးများ၊ နယ်ဘက်ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ တာဝန်ရှိသူများနှင့် အတူတက်ရောက်ခဲ့ကြသည်။ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ( ၂၅ – ၆ – ၂၀၂၅ ) ရက်နေ့မှ ( ၂၉ – ၆ – ၂၀၂၅ ) ရက်နေ့ထိ (၅)ရက်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး