တောင်ကြီး စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်း အဝေးခန်းမ၌ စက်တင်ဘာလ ၂၉ ရက်နံနက် ၉ နာရီက ဆေးရုံအခြေပြုကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းဆိုင်ရာပြည်နယ်အဆင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်က အဖွင့်အမှာစကားပြောကြားရာဆေးရုံများတွင်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှုလုပ်ငန်းဆောင်ရွက် နေသည့်ကျန်းမာရေးဝန်ထမ်းလုပ်ငန်းကျွမ်းကျင်မှုရှိစေရန် သက်ဆိုင်သည့် လုပ်ငန်းလမ်းညွှန်သင်တန်းများဖွင့်လှစ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ထို့အတူဆေးရုံအခြေပြုကာကွယ်ဆေးထိုးလုပ်ငန်းများပိုမိုစနစ်ကျအောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ကာကွယ်ဆေးထိုးလုပ်ငန်းဆောင် ရွက်လျက်ရှိသည့် ဆေးရုံအုပ်ကြီးများနှင့်တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲတို့ ပူးပေါင်း ဆောင်ရွက်သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အစည်း အဝေးမှာမိမိတို့ဆေးရုံအလိုက် ဆောင်ရွက်ပေးနေသည့် ကာကွယ်ဆေးထိုးလုပ်ငန်း၊ တာဝန်ချထားမှုနှင့် ကွင်းဆင်းကြီးကြပ်နိုင်မှုအခြေအနေ၊ အအေးလမ်းကြောင်းထိန်း ပစ္စည်းကိရိယာများနှင့်ကာကွယ် ဆေးထိုးလုပ်ငန်းသုံးကိရိယာများရရှိမှု၊ အသုံးပြုနိုင်မှု အခြေအနေ၊မှတ်တမ်းရေးသွင်းမှုနှင့် သတင်း ပေးပို့မှုအခြေအနေ၊ ကာကွယ်ဆေးထိုးနှံပြီးနောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ စောင့်ကြပ် ကြည့်ရှုမှုအခြေအနေ၊ကာကွယ်ဆေးနှင့်ကာကွယ်၍ရသောရောဂါများ စောင့်ကြပ်ကြည့်ရှုမှု အခြေ အနေတို့ကိုပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန် လိုအပ်ပါကြောင်း၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲနှင့် သက်ဆိုင်ရာဌာနခွဲအသီးသီးကလည်း ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအကြောင်းကိုဆွေးနွေးတင်ပြပေးဖို့လိုအပ်ပါကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင် က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ အဆိုပါသင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် ကယားပြည်နယ်တို့မှသင်တန်း သား၊ သင်တန်းသူ ၁၀၄ ဦးတက်ရောက်ခဲ့ပြီး သင်တန်းအား စက်တင်ဘာလ ၂၉ရက်နေ့မှ ၃၀ ရက်နေ့ ထိ ၂ ရက်ကြာ ဖွင့်လှစ်သင်ကြား ပိုချသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး