
ကျိုင်းတုံ ဇူလိုင်-၃၁
ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် ( ၁၃ ) သင်တန်း ဆင်းပွဲအခမ်းအနား ဇူလိုင်လ( ၃၁ ) ရက် နံနက်( ၇ ) နာရီ၌ ကျိုင်းတုံမြို့၊ အမှတ်( ၁၁ )တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးတင်လင်း သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် စစ်ဘက်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ အဖွဲ့ဝင်များ၊ နယ်ဘက်ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် အမှတ် ( ၁၁ ) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး မှ သင်တန်းဆင်းမိန့်ခွန်းပြောကြားခြင်း၊ သင်တန်းတွင် ထူးချွန်ဆုရ သင်တန်းသားများအား ဆုများချီးမြှင့်ခြင်း၊သင်တန်းစားရိပ်သာတွင် သင်တန်းဆင်းသင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခြင်းနှင့် နံနက်စောစာအား အတူသုံးဆောင် ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး