ကျိုင်းတုံ ဇူလိုင်-၁၃
ကျိုင်းတုံမြို့၊ အမှတ်( ၁၁ )တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ အဝင်မုခ်ဦးတွင် ဇူလိုင်လ( ၁၃ ) ရက် နံနက်( ၈ ) နာရီ၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၁၅)( ၇/ ၂၀၂၅ ) သင်တန်းသားများအား ကြိုဆိုပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးတင်လင်း သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် စစ်ဘက်အရာရှိကြီးများ၊ တပ်မိသားစုဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ အဖွဲ့ဝင်များ၊ နယ်ဘက်ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ သွားရောက်ကြိုဆိုခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ထို့နောက်ကျိုင်းတုံမြို့၊ သာသနာ့ဗိမာန်တော်တွင် ၂၀၂၅ ခုနှစ်၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နံနက်(၉) နာရီခွဲတတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးတင်လင်း နှင့် ဇနီး သည် ဆရာတော်ကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် ဇနီး၊ စစ်ဘက်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ အဖွဲ့ဝင်များ၊ နယ်ဘက်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဇနီးများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားပြည်သူများ အတူ တက်ရာက်ခဲ့ပြီး အခမ်းအနားအား နမောတဿ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး သံသရာအေးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကာ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သာသနာ့ဝေပုလ္လပရိယတ္တိ စာသင်တိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေပြီးနောက် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်ခဲ့ပြီး ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်ခြင်းတို့တွင် အတူလိုက်ပါဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး