
ကျိုင်းတုံ ဇွန်-၁၆
ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် ( ၆/ ၂၀၂၅ ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ( ၁၆ ) ရက်၊ နံနက်( ၈ ) နာရီတွင် ကျိုင်းတုံမြို့၊ အမှတ်( ၁၁ )တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ သင်တန်းဖွင့်/ ဆင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် စစ်ဘက်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ အဖွဲ့ဝင်များ၊ နယ်ဘက်ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် အမှတ် ( ၁၁ ) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး၊ ဗိုလ်မှူးချုပ်မျိုးဆက်အောင် မှ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခြင်း၊ သင်တန်းစားရိပ်သာတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်မှူးချုပ်စိုးလှိုင် မှ အားကစားပစ္စည်းများပေးအပ်ခြင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သင်တန်းသား ( ၂၅၃ ) ဦးအတွက် တစ်ဦးလျှင် (၃၀၀၀ဝိ/-)ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေနှင့် သင်တန်းကျောင်းအတွက် ထောက်ပံ့ငွေ (၂,၄၁၀,၀၀ဝိ/) ကျပ် စုစုပေါင်းငွေ ( ၁၀,၀၀၀,၀၀ဝိ/- ) ကျပ်အား ကျောင်းအုပ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခြင်း၊ ဒုတိယကျောင်းအုပ်ကြီး၊ ဗိုလ်မှူးကြီးကျော်ခိုင်လင်းက သင်တန်းသားများအတွက် တစ်ကိုယ်ရည်သုံး ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခြင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခြင်းနှင့် နံနက်စောစာအား အတူသုံးဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး